ဒီးမော့ဆို ၁၅ မေ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါလျားခူကျေးရွာတွင် မေ ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်မှ မိသားစုဝင်များအား ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ထောက်ပံ့ငွေ ၁၀၀၅၀၀ ကျပ် ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထီးဖိုးကလိုး ကျေးရွာအုပ်စုအတွင်းရှိ ထီးဖိုးကလိုး၊ ထီးသဲကလိုး၊ ဖဲလျားနှင့် ဒေါဗျားကူးကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


