ကျောင်းကုန်း၊  ၂၁   ဇန်နဝါရီ

 

၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံ‌ငွေဖြင့် ဆောင်ရွက်မည့် ဒေါင့်ကြီး-ရုံးပင်-လှအောင်ချောင်လမ်း အမာခံခင်းခြင်းလုပ်ငန်းအတွက် ပြည်သူများအား အသိပေးရှင်းလင်းခြင်းကို ဒေါင့်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဇန်နဝါရီ  ၂၀ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

 

အဆိုပါ ဒေါင့်ကြီး-ရုံးပင်-လှအောင်ချောင်လမ်းသည် အရှည်(၁)မိုင်၊ အကျယ်(၁၂)ပေနှင့် ထု(၆)လက်မ အမာခံလမ်းခင်းမည်ဖြစ်ပြီး တင်ဒါအောင်မြင်သည့် ဓညဝတီပရင့်ဆက်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ(၇၆ ဒသမ ၁၃)သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။

 

ရှင်းလင်းပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေါင့်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မရှင်းလင်းသည့် အချက်များ မေးမြန်းရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)