ကောလင်း   ၈   ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် အုပ်ဖိုကျေးရွာနေပြည်သူများ ​ဒေါင်းမြူးချောင်းကမ်းပြိုမှုအန္တရာယ် ကင်းဝေးစေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေါင်းမြူးချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၄၈၀ဖြင့် တင်ဒါအောင်မြင်သည့် ဥပဓိဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တင်ဒါရရှိသည့်ကုမ္ပဏီမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ရာခိုင်နှုန်း​ပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်းဖြင့် ဝန်းသိုမြို့နယ် အုပ်ဖိုကျေးရွာ ဒေသခံပြည်သူများ နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒေါင်းမြူးချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားစေရန်ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ လုပ်ငန်း ပမာဏကတော့ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း အလျားပေ ၃၁၀၊ အောက်ခြေ   သဲအိပ် ၁၅ပေ၊ ကျောက်ခြင်း ၁၈လက်မ၊ Hard  Core ၁ ပေ၊ ကျောက်ခြင်း ၃ပေ ၄လက်မ၊ ကွန်ကရစ်စလစ် ၆လက်မ၊ ကျောက်ထုတ် ၅ ပေ ၄လက်မ ဖြင့် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ယခုအခါ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ဝန်းသိုမြို့နယ် ကျွန်တော်တို့ အုပ်ဖိုကျေးရွာရှိ အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၄၀ ဦးခန့် နှစ်စဉ်ကြုံတွေ့နေရသည့် ဒေါင်းမြူးချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားပြီး ဖြစ်ပြီး ကျွန်တော်တို့ကျေးရွာအပြင် အနီးမှာရှိတဲ့ ကျေးရွာများမှလည်း ရေကြီးရေလျှံမှုများ လျော့နည်းသွားမည်ဖြစ်ပါတယ်"ဟု အုပ်ဖိုကျေးရွာမှ ရွာခွဲခေါင်းဆောင် ဦးစိန်မင်း က ပြောပြ၍သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)