ဝါရှင်တန်   ဇွန်   ၁၀

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်အစိုးရသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒအပေါ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြသူများကို    တုံ့ပြန်ဆောင်ရွက်ရန် မရိန်းတပ်ဖွဲ့ဝင်များကို လော့စ်အိန်ဂျလိစ်မြို့သို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

၎င်းသည်  အဆိုပါမြို့တွင် အစောပိုင်းက အမျိုးသားအစောင့်တပ်ဖွဲ့များကို ဖြန့်ကြက်ချထားပြီး ဖြစ်သည်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို    ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး   ပြီးခဲ့သည့်  သီတင်းပတ်တွင် ဆန့်ကျင်ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဂ်ဆက်သ် က လော့စ်အိန်ဂျလိစ်ဒေသသို့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ခန့် စေလွှတ်သွားမည်ဟု ဇွန် ၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။  နိုင်ငံအတွင်း မငြိမ်မသက်မှု များကို နှိမ်နင်းရန် နောက်ဆုံးအကြိမ်  မရိန်းတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းမှာ ၁၉၉၂ ခုနှစ်  လော့စ်အန်ဂျလိစ်အဓိကရုဏ်းအတွင်းဖြစ်သည်ဟု  ဝေါလ်စရိဂျာနယ်တွင် ဖော်ပြထားသည်။    

ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်းက မရိန်းတပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆုံးဖြတ်ချက် သည် လွန်ကဲသည်ဟု ဝေဖန်ရှုတ်ချထားသည်။ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့် ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြမှုများသည် နယူးယောက်၊ ဆန်ဖရန်စစ္စကိုနှင့်တက္ကဆက်ရှိ မြို့များအပါအဝင် နိုင်ငံ၏ အခြားနေရာဒေသများသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။ 

အင်န်အိတ်ချ်ကေ