ဒေါ့ဖုန်းယန် မတ် ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ပူပြင်းခြောက်သွေ့သောနွေရာသီသို့ရောက်ရှိလာ ပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ကို မတ် ၁၄ ရက် နံနက်ပိုင်းက မြို့စည်ပင်သာယာရေးစျေး၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအ ရောင်းဆိုင်များနှင့် ဌာနဆိုင်ရာရုံးများသို့ မြို့ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်ကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်း ဦးဆောင်၍ နယ်မြေရဲစခန်းမှစခန်းမှူး ရဲအုပ်ဇော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းစိုးလှိုင် နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့စည်ပင်သာယာရေးစျေးအတွင်းရှိ ဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ မြို့ပေါ် ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူး များ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ သဲအိတ်များနှင့် ရေကန်များ၌ရေများဖြည့်တင်းခြင်းစသည့် ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအဖွဲ့ထံမှ သိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)