ဒေါပုံ  ၂၁  ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ် မြို့နယ်လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်တွင် ယမန်နေ့ နံနက်(၉)နာရီက မြေပြင်ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

963258

 

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၂၈) ရက်နေ့ အထိ ကောက်ယူသွားမည့် ဖြစ်ကြောင်းနှင့် မြို့သစ်ရပ်ကွက်တွင်  တစ်ရက်လျှင် (၁၀) အိမ်နှုန်းဖြင့်  (၄) ရက် ဆက်တိုက် ကောက်ယူသွားမည့်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးနှင့် အဖွဲ့ဝင်များ၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သဲစုစုလွင်