ဒေါပုံ မေ ၂၆
ဒေါပုံမြို့နယ်တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများအား ယမန်နေ့နံနက် ၉ နာရီတွင် တာဝန်ရှိသူများက သောက်သုံးရေများကို နေအိမ်များအရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ပေးဝေရာတွင် ဒေါပုံမြို့နယ် မီးသတ်ဦးစီးမှူး ဦးရာဇာထွန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက သောက်သုံးရေရရှိရန် အခက်အခဲဖြစ်ပေါ်နေသည့် နွယ်အေးရပ်ကွက် တံတားဟောင်းရှိ အိမ်ခြေ ၄၀ အတွက် ရေဂါလန် ၆၀၀၀ ကို ရပ်ကွက်အတွင်း နေအိမ်များအရောက် အခမဲ့လှူဒါန်းဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)


