ဒေါပုံ မတ်လ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် လူငယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ အခြေခံသင်တန်းကို တစ်လအကြာ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲကို မတ် ၁၅ ရက်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် အင်္ဂလိပ်စာသင်တန်းနည်းပြ ဆရာကြီးဦးမြစိန်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရခြင်း၏ အကျိုးကျေးဇူးများနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက အင်္ဂလိပ်သီချင်းများဖြင့် စုပေါင်းသီဆိုဖျော်ဖြေခဲ့ကြ ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ အင်္ဂလိပ်စာ အခြေခံသင်တန်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ မတ် ၁၅ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)