နေပြည်တော် ၁၄ ဇန်နဝါရီ
မြန်မာနိုင်ငံ ဂရပ်ဖစ်ဒီဇိုင်းအသင်းမှ ကြီးမှူးကျင်းပသည့် “Design-Speak Safety” ၂၀၁၉ ခုနှစ် မြန်မာဂရပ်ဖစ် ဒီဇိုင်းပြပွဲ (မန္တလေး)ကို ဖေဖော်ဝါရီလ (၂၊ ၃၊ ၄)ရက်များတွင် မန္တလေးမြို့ ၈၃လမ်းနှင့် ၃၁လမ်းထောင့်ရှိ ဓမ္မသာလာခန်းမ၌ ကျင်းပပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ မျိုးသုဉ်းလုနီးပါး သတ္တဝါမျိုးစိတ်များ၊ တောပြုန်းလုနီးပါး သဘာဝပတ်ဝန်းကျင်၊ ကုန်ဆုံးလုနီးပါး သယံဇာတများနှင့် လူသားဘဝလုံခြုံမှု စသည့်ကဏ္ဍများအတွက် မန္တလေးမြို့နှင့် အထက်မြန်မာပြည် တစ်ဝန်းရှိ ဂရပ်ဖစ်ဒီဇိုင်းပညာရှင်များ၏ ဒီဇိုင်းလက်ရာများကို ပြသသွားမည်ဖြစ်သည်။
မောင်မောင်မျိုး