မေး။ ။ မကြာမီနှစ်အတွင်းမှာ ရုရှား-မြန်မာ ပူးပေါင်းဆက်ဆံရေးလုပ်ငန်းတွေဟာ အများကြီး လုပ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအခန်းကဏ္ဍတွေရော၊ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ထားတာ ရှိပါတယ်။ ဒီအထဲမှာ Buryatia နဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်နေတာတွေရှိပါတယ်။ အနာဂတ်မှာ Buryatia နဲ့ ပတ်သက်ပြီးတော့ Buryatia နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ ဘယ်လိုအပိုင်းတွေကိုလုပ်ဖို့အတွက် ရည်ရွယ်ထားတာရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ။ အခု ဒီနေ့ကျွန်တော်လာကြည့်တဲ့ မီးရထားစက်ရုံလုပ်ငန်းအပါအဝင် စောစောပိုင်းက လေယာဉ်စက်ရုံလည်း ကျွန်တော်သွားကြည့်ခဲ့တယ်။ ဒါတွေကတော့ ကျွန်တော်တို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့အတွက် အလားအလာရှိတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် Buryatia မှာလည်း ဒီပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ပြည်နယ်သူ ပြည်နယ်သားတွေရှိတယ်။ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အခါကျတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေက အလားအလာတွေလည်းရှိတယ်။ နောက် ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ရှိတယ်။ နောက် ဝန်ကြီးချုပ်ကမ်းလှမ်းထားတဲ့ ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ ကမ်းလှမ်းချက် လည်းရှိတယ်။ ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေလည်း ကျွန်တော်တို့ ရှိပါလိမ့်မယ်။ နောက် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလည်း ဆွေးလည်းဆွေးနွေးပြီး ဆောင်ရွက်သွားဖို့ ရှိပါလိမ့်မယ်။ နယ်ပယ်တော့ အများကြီးရှိတယ်။ လုပ်စရာနယ်ပယ်တွေ အများကြီးရှိတယ်ဆိုတဲ့ အကြောင်း ကျွန်တော်ပြောချင်ပါတယ်။
မေး။ ။ အခုလက်ရှိ Buryatia ကို လာရောက်တဲ့အတွက် အဆွေတော် နိုင်ငံတော်ဝန်ကြီးချုပ်ကြီး အနေနဲ့ Buryatia နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမြင်ပါသလဲ။ Buryatia ရဲ့ အလှအပတွေ၊ Buryatia ရဲ့ သန့်ရှင်းမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးမြင်ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ အင်မတန်စိတ်ချမ်းသာရပါတယ် လာရတာ။ သာယာလှပတဲ့ဒေသတစ်ခုပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော်လာရတယ်လို့ခံစားရပါတယ်။ ကျွန်တော်သုံးကြိမ်ရှိပြီလာတာ။ ကိုယ့်ဒေသကိုလာရသလို ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်။ နောက်ထပ်လည်းလာနိုင်ဖို့ ကျွန်တော်ကြိုးစားဦးမယ်လို့ ပြောလိုပါတယ်။
မေး။ ။ Buryatia ပြည်နယ်အကြီးအကဲအနေနဲ့ ယခုကဲ့သို့ မြန်မာနိုင်ငံကနေ နိုင်ငံတော်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ် လာရောက်မှုပတ်သက်ပြီး မည်သို့ခံစားရပါသလဲ။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။
Buryatia ပြည်နယ်
ပြည်နယ်အကြီးအကဲ။ ။ မြန်မာနိုင်ငံကနေသုံးကြိမ်လာတယ်ဆိုတော့ ကျွန်တော်အရမ်းကို ဂုဏ်ယူ ဝမ်းမြောက်မှုဖြစ်ပါတယ်။ သုံးကြိမ်လာတယ်ဆိုတာက ကျွန်တော်တို့ပြည်နယ်ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာကို ပြယုဂ်ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေလည်း အများကြီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့မကြာမီနှစ်အတွင်းက ကျွန်တော်တို့ Rapid Bio ဆေးဝါးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆေးဝါးနည်းပညာနဲ့ပတ်သက်ပြီး ပစ္စည်းတင်သွင်းဖို့အတွက် Register တွေ လုပ်နေတာလည်းရှိပါတယ်။ ကျွန်တော်တို့ Ulan-Ude က ထုတ်ထားတဲ့၊ ရဟတ်ယာဉ်စက်ရုံ ကနေပြီးတော့ ထုတ်ထားတဲ့ရဟတ်ယာဉ်တွေကလည်း မြန်မာနိုင်ငံမှာ အခုဆို နှစ်အကြာကြီးအထိ အသုံးပြုနေတာတွေရှိပါတယ်။ လက်ရှိအချိန်မှာလည်း အသုံးပြုနေသလို အနာဂတ်မှာလည်း ရဟတ်ယာဉ်နဲ့ပတ်သက်ပြီးတော့ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေ အများကြီးလုပ်ဖို့အတွက် စီစဉ်ထားတာရှိပါတယ်။ ဒီနေ့မှာဆိုရင်လည်း TMH Holding ကုမ္ပဏီကနေပြီးတော့ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကို သူတို့လုပ်ဆောင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက် ပြီးတော့လည်း ရှင်းပြသွားတာရှိပါတယ်။ လာမယ့်အနာဂတ်မှာလည်း မြန်မာနိုင်ငံနဲ့ပူးပေါင်းပြီးတော့ ဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးဖို့အတွက် စီစဉ်ထား တာတွေလည်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ရှိရင်တော့ မြန်မာနိုင်ငံကနေပြီးတော့ ရုရှားဘာသာစကားပညာသင်ကြားတဲ့ ဆရာတွေအနေနဲ့ ထပ်ဆင့်သင်တန်းတွေပေးဖို့၊ အဆင့်မြင့်သင်တန်း တွေပေးဖို့အတွက်ကို Buryatia မှာ သင်ပေးနိုင်သလို၊ ကျွန်တော်တို့ Buryatia မှာရှိတဲ့ တက္ကသိုလ်မှာလည်း မြန်မာဘာသာစကားကို သင်ကြားဖို့အတွက် မြန်မာဘာသာစကားဌာနဖွင့်ဖို့အထိလည်း ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကို လိုက်လံပြသပေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံကို Delegation သွားရောက်ခဲ့တာရှိပါတယ်။ သွားရောက်ခဲ့တဲ့အချိန်မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ကျွန်တော်တို့ကို လှိုက်လှဲစွာကြိုဆိုခဲ့တာတွေလည်းရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီကနေ ပြောကြားလိုတာကတော့ မြန်မာနိုင်ငံက သာယာလှပတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုတွေကို ကျွန်တော်တင်မကဘဲနဲ့ Delegation အဖွဲ့ဝင် အားလုံးက ခံစားခဲ့ရတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ နှစ်နိုင်ငံအပြန်အလှန် ကျွန်တော်တို့ Tourism အခန်းကဏ္ဍကို မြှင့်တင်ဖို့အတွက်လည်း ကျွန်တော် တို့ လျာထားစီစဉ်ထားတာရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ။ ခင်ဗျားတို့ မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံမှာလာပြီး လေ့လာဖို့အတွက် ကျွန်တော်ဖိတ်ပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေတွေအားလုံးကို ခင်ဗျားတို့ ပြည်နယ်အကြီးအကဲ ကတော့ အကြမ်းဖျင်းရှင်းပြတာပေါ့။ ခင်ဗျားတို့လာတဲ့အခါကျရင် ဒီထက်ပိုပြီးထိတွေ့မှုခံစားမှုပိုပြီး ကောင်းပါလိမ့်မယ်။ ကျွန်တော်မကြာခင်မှာ ခင်ဗျားတို့မျက်နှာလေးတွေ မြန်မာနိုင်ငံမှာတွေ့ရမယ်လို့ ယုံကြည်ပါတယ်။