သရက်ချောင်း  ၂၂  ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သရက်ချောင်းမြို့နယ်ရှိ ကျောက်ဆည်ကျေးရွာနှင့် ပိတောက်ငယ် ကျေးရွာတို့တွင် သစ်တောနှင့် ဒီရေတောတည်ထောင်ခွင့် လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင်၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖေချစ်နှင့် တာဝန်ရှိသူများက အမှာစကားများ ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ကျောက်ဆည်ကျေးရွာတွင် ဧရိယာ ၄၂၀ ဧက၊ အသုံးပြုသူအဖွဲ့ ၉၄ ဦး၊ ပိတောက်ငယ် ကျေးရွာတွင် ဧရိယာ ၂၄၈ ဧက၊ အသုံးပြုသူအဖွဲ့ ၄၂ ဦးအတွက် သစ်တောနှင့် ဒီရေတောတည်ထောင်ခွင့် လက်မှတ်များကို ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဒီရေတောနှင့် သစ်တောအသုံးပြုသူအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရခဲ့သည်။

 

နိုင်ဝင်း(ပြန်/ဆက်)