ရန်ကုန်၊            ၁၂        ဇွန်
 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနက ၂၀၂၁ ခုနှစ် မိုးရာသီတွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၄၀၀၀၀ အား ပြုစုပျိုးထောင်ထားကြောင်း သိရသည်။
 

ပြုစုပျိုးထောင်ထားရှိသည့် ပျိုးပင်များအား မိုးရာသီ သစ်ပင်စိုက်ပျိုးသည့်ကာလတွင် ဒေသခံများ စိုက်ပျိုးရန် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး အရိပ်ရနှစ်ရှည်ပင်များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယူကလစ်၊ မဟော်ဂနီ၊ ခရေ၊ ပျဉ်းမ၊ ကဗွီး၊ မယ်ဇလီ၊ ကံ့ကော်၊ စိန်ပန်း၊ ငုဝါ စသည့် ပျိုးပင်များ ပြုစုပျိုးထောင်ထားကြောင်း သိရသည်။
 

နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးသည့်ကာလတွင် ဒလမြို့နယ်၊ တွံတေးမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်နေ ပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရန် တွံတေးမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် တွံတေး မြို့နယ် သစ်တောဦးစီးဌာနရုံး မြို့မ(ယာယီ) ပျိုးဥယျာဉ်နှင့် ဘုရားကြီး သစ်တောရုံးတွင် ပျိုးပင်များအား ပြုစုပျိုးထောင်ကာ အခမဲ့ပေးဝေပေလျက်ရှိကြောင်း သိရသည်။

မောင်ယဉ်ဦး