မြင်းမူ  ၁၆  ဇွန်

 

မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာရှိ ဒေသနွားမျိုးမျိုးထိန်းမျိုးပွားသုတေသနခြံတွင် ဒေသနွားမျိုးများကို မျိုးထိန်း မျိုးပွားခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် (၂)နှစ်ကျော်ကာလအတွင်း ဒေသနွား မျိုးအကောင်ပေါက် ၇၂ ကောင် တိုးပွားလာကြောင်း ဒေသနွားမျိုး မျိုးပွားသုတေသနခြံတာဝန်ခံ ဒေါက်တာမြင့်နိုင်က ပြောသည်။

 

ဒေသနွား မျိုးရင်းများကို ထိန်းသိမ်းရန်၊ ဒေသနွားမျိုးများ ထုတ်လုပ်မှုမြင့်မားလာစေရန်၊  တိရိစ္ဆာန် အစာစိုက်ပျိုး ထုတ်လုပ်ငန်းခြင်းဖွံ့ဖြိုးလာစေရန်၊ ဒေသနွားမျိုးရင်းများနှင့် တိရိစ်္ဆာန်အစာထုတ်လုပ်ခြင်း သုတေသန ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်စသည့်ရည်ရွယ်ချက်များဖြင့် သုတေသနခြံကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

mdn

 

 ““ သုတေသနခြံမှာ ဒေသနွားမျိုးတွေဖြစ်တဲ့ နွားပြာစိမ်းနှင့်ရွှေနီမျိုးတွေ မွေးမြူထားပြီး ခြံထဲမှာရှိတဲ့ မျိုးနွား အမတွေကို မျိုးနွားသိုးတွေနဲ့ သားစပ်ပြီး ပေါက်ပွားလာတဲ့ ခိုင်းနွားတွေကို ဒေသခံ တောင်သူများကို သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ သုတေသနခြံမှာ ဒေသနွားမျိုး များကို မွေးမြူခြင်းအပြင် ဒေသခံတောင်သူများလိုအပ်တဲ့ တိရိစ်္ဆာန်အစာများကိုလည်း ထုတ်လုပ် ဖြန့်ဖြူးပေးပတယ်၊ အခုနှစ်အတွင်းမှာ သုတေသနခြံကနေ အဆင့်မြင့် နွားစားကြက်အဖြစ် စိုက်ပျိုးထုတ်လုပ်ထားတဲ့ နေဗီယာမြက်အဆစ်ပေါင်း (၁၉၀ဝ၀)ကို ဒေသခံ တောင်သူတွေကို အခမဲ့ ဖြန့်ဝေပေးနိုင်ခဲ့တယ်၊ သုတေသနခြံတည်ထောင်ခဲ့တဲ့(၂)နှစ်ကျော် ကာလအတွင်းမှာ အကောင်ပေါက် (၇၂)ကောင် တိုးပွားလာပါတယ်”” ဟု ဒေသနွားမျိုး မျိုးပွားသုတေသနခြံ တာဝန်ခံ ဒေါက်တာ မြင့်နိုင်ကပြောသည်။

 

မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ ဒေသနွားမျိုး မျိုးပွားသုတေသနခြံတွင် ဒေသနွားမျိုးများဖြစ်သော နွားပြာစိမ်းမျိုး နွားသိုး (၁၂)ကောင်နှင့်နွားမ(၅၄)ကောင်၊ ရွှေနီမျိုး နွားသိုး(၈)ကောင်းနှင့်နွားမ (၇၀)ကောင် မွေးမြူထားရာ သုတေသနခြံတည်ထောင်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ နွားသားပေါက်  (၇၂)ကောင် တိုးပွားလာပြီ ဖြစ်ကြောင်း သိရသည်။

 

နေလင်းအောင်(ပြန်/ဆက်)