ထန်းတပင် ၂၇ ဖေဖော်ဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၄၅)ခုကို မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် ဆောင်ရွက်နေကြောင်း ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိဒေါ်ခင်ခင်ဌေးထံမှ သိရသည်။
ထန်းတပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်း (၁၉)ခု၊ မြေသားလမ်းခင်းခြင်းလုပ်ငန်း(၁)ခု၊ အဆောက်အဦးတည် ဆောက်ရေးလုပ်ငန်း(၄)ခု၊ ကွန်ကရိတံတား တည်ဆောက်ရေးလုပ်ငန်း (၃)ခု၊ ရေစီးရေလာကောင်း မွန်စေရေးအုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း (၅)ခု၊ ကျောက်စီမြေထိန်းနံရံ(၁)ခု၊ Box-Culvert တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားဖွံ့ဖြိုးလုပ်ငန်းများ (၁၀)ခုတို့ကို (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်မှစတင်ကာ မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးမှုများအနေဖြင့် ယခုအခါ(၄၀)ရာခိုင်နှုန်း အထိပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၄၅)ခုကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ ၂၀၁၉-၂၀၂ဝခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေလုံးငွေရင်းမှ ငွေကျပ်သန်းပေါင်း(၁၈၂၆ ဒသမ ၇၆၂)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


