မင်းတုန်း ၂၈ ဇန်နဝါရီ
သရက်ခရိုင် မင်းတုန်းမြို့နယ် ငကုန်းကျေးရွာနှင့် ယင်းကောက်ကျေးရွာရှိ ကော်ဖီစိုက်တောင်သူများအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းတုန်းမြို့နယ်မှထွက်ရှိသော ကော်ဖီများကိုဝယ်ယူပေးမည့် ဉာဏ်ကြီးရှင်ကုမ္ပဏီဥက္ကဌ ဦးငွေထွန်းက ကော်ဖီဝယ်ယူရေးကိစ္စများအား ဆွေးနွေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့သောကော်ဖီအခွံချွတ်စက်၊ မျိုးစေ့နှင့် အရည်အသွေးပြည့်မီသော ကော်ဖီစိုက်ပျိုးထုတ်လုပ်နည်း စာအုပ်များ ပေးအပ်ရာ ငကုန်းကျေးရွာနှင့်ယင်းကောက်ကျေးရွာတို့မှလက်ခံရယူကြသည်။
၄င်းကျေးရွာနှစ်ရွာတွင် ကော်ဖီစိုက်ဧက ၁၃၇ ဧကရှိပြီး ရောင်းချရန်ဈေးကွက်မရှိဖြစ်နေသောကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခေါ်ခင်သန်းနုမှ ချိတ်ဆက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။
ချင်းကလေး(မင်းတုန်း)