ရန်ကုန် ၅ မေ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်(၁) မက္ခရာမင်းသားကြီးလမ်းနှင့် ဦးချိန်လမ်း ထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ် အုပ်စုများ ထွက်ခွာ ငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် Level 2 ယာဉ် အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းနှင့် မွန်းလွဲ ၁ နာရီ ၃၇ မိနစ်တွင် မီးထိန်းနိုင်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကနဦးသတင်း သိရပါသည်။
MDN
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့