ဒဂုံ  မတ်  ၁၆

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အခြေခံပညာအလယ်တန်းကျောင်းတွင် မတ် ၁၄ ရက်က ဒဂုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသန္တာနှင့် အဖွဲ့များက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဒဂုံမြို့နယ် အလက(၂)ကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအား အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် Mask ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ကျောင်းသားကျောင်းသူများ အသိပညာ တိုးပွားစေရန် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉ ) အမှတ် (၅ ) ပါ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ စိတ်ကောင်းရှိမှ  ဆောင်းပါးစာဖတ်ဝိုင်း ကျင်းပခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

မေသန္တာ