ဒဂုံ ၁၅ မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၌ COVID-2019 ပတ်သက်သည့် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေး အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။

 

အသိပညာပေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအီနွယ်လှိုင်ပူက အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာရွှေပြည်က ကူးစက်မြန် COVID-2019 ဗိုင်းရပ်စ်ပိုးသည်  တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါဖြစ်ပြီး လူထူထပ်သောနေရာများ သွားရောက်ပါက ရောဂါကူးစက်နိုင်ခြေရှိသည့် လက္ခဏာများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်းသို့ အမြန်ဆုံးသွားရောက်ကြရန်၊ အရာဝတ္ထုပစ္စည်းများ ကိုယ်တွယ်ပြီး လက်ကို စနစ်တကျ သန့်စင်ဆေးကြောရန်နှင့်  ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ကျန်းမာရေးအသိညာပေးမှုများကို  ဂရုပြုလိုက်နာကြရန်  ရှင်းလင်းပေးသည်။ ထို့နောက် တက်ရောက်လာသော ပြည်သူများက သိရှိလိုသည့်အချက်များ မေးမြန်းကြရာ ကျန်းမာရေးဝန်ထမ်းများက ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)