ဒဂုံ ၁၅ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ပြည်သူ့ရင်ပြင်ဝင်း စည်ပင်ဝန်ထမ်းအိမ်ရာ၌ ယနေ့နံနက် ၉ နာရီကစတင်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။

 

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်မောင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ စာရင်းစစ်၊ စာရင်းကောက်ယူရေးအဖွဲ့တို့က သတ်မှတ်မေးခွန်းများ စနစ်တကျမေးမြန်း၍ ဖြေကြားချက်များကို (Mobile Tablet) ဖြည့်သွင်းခြင်းဖြင့် ဆောင်ရွက်ကြသည်။

 

mdn

 

ယင်းသို့ စာရင်းကောက်ယူရာတွင်လည်း လိုအပ်သည့်  မေးမြန်းချက်များ မထပ်၊ မကျန်ရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် အိမ်ရှင်ဘက်မှမေးခွန်းများ မှန်ကန်စွာဖြေကြားနိုင်ရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့မှ ပူးပေါင်း ဆောင်ရွက်ရကြောင်းသိရသည်။

 

အဆိုပါစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၌ အိမ်ထောင်စု(၃၅)စု အားကောက်ကွက်(၁)ခုသတ်မှတ်ကာ ဇန်နဝါရီ(၁၅)ရက်နေ့မှ(၂၈)နေ့ထိ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)