ဒဂုံ   ၂၉  စက်တင်ဘာ  

           

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏  စက်တင်ဘာ(၂၀)ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါထိန်းချုပ် ကာကွယ်နိုင်ရန်အတွက်  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် နဝဒေးလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းထောင့်တို့၌ ယာဉ်များအား  ရပ်တန့်စေပြီးStay  at  Homeကာလနေအိမ်ပြင်ပသို့  မလိုအပ်ဘဲ သွားရောက်ခြင်း မပြုကြရန် ပညာပေးခြင်းကို ယနေ့နံနက်၉နာရီက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဇော်မင်းလွင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

 

ပညာပေးရာတွင် လမ်းတစ်လျှောက်   မော်တော်ယာဉ်များအား ရပ်တန့်စေပြီး  သွားလာရသည့် အကြောင်းရင်း မေးမြန်းခြင်း၊ Stay  at  Home ကာလ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်း ရောဂါပိုး ကူးစက်နိုင်ခြေများသောကြောင့် မိသားစုကျန်းမာရေး၊ ဈေးဝယ်ရန် လိုအပ်သည့်ကိစ္စများ၊ အခြားအရေးကြီး ကိစ္စရပ်များမှအပ နေအိမ်ပြင်ပသို့  အကြောင်းမဲ့ ထွက်ခွာသွားလာခြင်း  မပြုကြရန် ပညာပေးဆောင်ရွက်ကြောင်း သိရသည်။

 

 ဇာဖြူဝင်း(ပြန်/ဆက်)