ရန်ကုန် မေ ၁၄

 

ရန်ကုန်တိုင်း​ဒေသကြီး၊ ​ဒဂုံမြို့နယ်၊‌ ယောမင်းကြီးရပ်ကွက်၊ ဦးဝိစာရလမ်းတွင် ယ​နေ့နံနက် ၅ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်၊ အရှည်(၃ ပေ၊ ပေ ၄၀)ခန့်ရှိ စိန်ပန်းပင်သည် လမ်း‌ပေါ်သို့ ပြိုလဲကျခဲ့ပြီး ယာဉ်နှင့် လူထိခိုက်မှုမရှိကြောင်း၊ လျှပ်စစ်ကြိုးနှင့် ဆက်သွယ်‌ရေးကြိုးများ ပြတ်တောက်‌ခဲ့ပြီး လမ်းတစ်ခြမ်း ခေတ္တပိတ်ဆို့ ရှင်းလင်းခဲ့ကြ​ကြောင်း သိရသည်။

 

ထို့ပြင် ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မ‌ကျောင်းလမ်း၊ မိုင်ဒါကွင်းရှေ့ရှိ (၁ ပေ)ခန့် အရှည်(၁၅ ပေ)  ခန့်ရှိသော ပျဉ်းမပင်၏ သစ်ကိုင်းတစ်ကိုင်း ကျိုးကျခဲ့ကြောင်း၊ ပြည်သူ့ရင်ပြင်တွင်လည်း ယ​နေ့နံနက် ၇ နာရီခန့်က Stage စင် ပြိုလဲကျမှုဖြစ်ပွားခဲ့​ကြောင်း၊ ပျက်စီးမှုများအား သက်ဆိုင်ရာက ခုတ်ထွင်ရှင်းလင်း သယ်ယူ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သတင်းရရှိသည်။

 

ကြည်ဇေ​သော်