နေပြည်တော်၊ နိုဝင်ဘာ ၂၅

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် နံနက် ၅ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇) ရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးနှင့် မဟာသီရိလမ်းထောင့်တွင် ချမ်းငြိမ်းဇော် (ခ) ဖိုးသား မောင်းနှင်ပြီး တိုးပိုင်၊ မောင်မောင်အေးနှင့် မျိုးဝင်း (ခ) အောင်ကိုလတ်တို့ လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်သည့် ကိုနိုင် (ခ) ဇော်မင်းအောင်အား နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၁) ရပ်ကွက်တွင်လည်းကောင်း၊ ရာဇာဖြိုး (ခ) ပခူးညီအား နိုဝင်ဘာ ၂၁ ရက် ည ၁၁ နာရီတွင် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင်လည်းကောင်း၊ မဌေးဌေးစိန်အား နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ တွင် ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆည်းမိခဲ့သည်။

 

အလားတူ ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ သုဓမာလမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မခိုင်သီတာဝင်း (ခ) မသီတာအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်