ရန်ကုန် ၅ မတ် 


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပျဉ်းမမြိုင်လမ်းတွင် မတ် ၄ ရက် ည ၁၀ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ Level -1 ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ရာ ည ၁၀ နာရီ ၄၂ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၄၆ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ (၃၄)ရပ်ကွက်၊ အမှတ်(၉၈၂)၊ ပျဉ်းမမြိုင်လမ်းရှိ ဦးမြင့်သန်း ပိုင်ဆိုင်သော  နေအိမ် အပေါ်ထပ်ရှိ ယာယီသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ 


မီးလောင်ရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၃)စီး၊ တောင်ဥက္ကလာပမြို့နယ်မှ (၂) စီး၊ သင်္ဃန်းကျွန်းမှ (၁) စီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မှ (၂) စီး၊ မြောက်ဥက္ကလာပမှ (၁) စီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှ (၂) စီး၊ တာမွေခွဲမှ (၂)စီး မီးသတ်ဦးစီးဌာနချုပ်မှ (၂) စီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ (၁)စီး၊ စုစုပေါင်းမီးငြိမ်းသတ်ယာဉ် (၁၆)စီး၊ အထောက်အကူပြုယာဉ် စုစုပေါင်း (၈) စီး၊ မီးသတ်စက်ယာဉ် ဌာနချုပ်မှ ပေါင်းလောင်း (၁) စီး၊ ကွပ်ကဲမှုယာဉ် (၃) စီးတို့ဖြင့် သွားရောက် မီးငြိမ်း သတ်ခဲ့ရာ ည ၁၀ နာရီ ၄၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၄၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ 


မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၆၈) ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

 

123