ရန်ကုန် ၂၇ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့ နံနက် ၉ နာရီက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (ဗဟို)မှ World AIDS Day နေ့အကြို အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုးမှ လူငယ်လူရွယ်များ အကြား ပြန့်နှံနေသည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ လူငယ်များ အတူယူ မမှားစေရန် ဟောပြောချက် များအား လိုက်နာမှတ်သားပြီး ကျောင်းသားကျောင်းသူများ သိရှိရှောင်ရှားနိုင်ရန် အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ ဦးစိုင်းအောင်မြင့်က မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ အတွင်းရေးမှူးဦးမြင့်ခိုင်မှ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းနှင့် အလုပ်အမှုဆောင်ကော်မတီဝင်ဦးဉာဏ်ဝင်းမှ လူငယ်များ သိမှတ် လိုက်နာဖွယ်ရာ ဥပဒေများ အကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ် ပညာရေးမှူး ဦးတင်လှမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်ရီ(ပြန်/ဆက်)


