ရန်ကုန် ဧပြီ ၂

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၅၃) ရပ်ကွက်ရှိ အတုလအောင်ဇေယျုံ (ဦးဘိုးလှ)ဘုရားဝင်းအတွင်းရှိ သိမ်တော်ကြီးနှင့် ဓမ္မာရုံတို့၌ ဖြေဆိုသည်။

 

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စုစုပေါင်းစာရင်းရှိ ၃၇၁ ပါးရှိပြီး စုစုပေါင်းဖြေဆိုသူ ၃၂၄ ပါးတွင် ပထမကြီးတန်းတွင် ဖြေဆို ၇၅ ပါး၊ ပထမလတ်တန်းတွင် ဖြေဆို ၉၄ ပါး၊ ပထငယ်တန်းတွင် ဖြေဆို ၁၅၅ ပါး ဝင်ရောက်ဖြေဆိုကြရာ လိုအပ်သော ဝေယျာဝစ္စလှူဒါန်းပေးခြင်းများကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးဦးစီးသော သံဃာတော် ၃၃ ပါး ကြီးကြပ်တော်မူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

သန်းသန်းအေး