ရန်ကုန် ဇူလိုင် ၂၆

ရန်ကုန်တိုင်း​ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ​ရေးအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနော်မာဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးထွန်းလင်းနိုင်၊ အ​ရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်တင်အေးချို တို့က ခွေးရူးမှတစ်ဆင့်လူသို့ ခွေးရူးရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်နှင့် ကျောင်းသားလူငယ်များ ခွေးရူးရောဂါနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပြီး ခွေးရူးရောဂါကာကွယ်ရေး အသိပညာ​ပေး လက်ကမ်းစာစောင်များကို ​ကျောင်းသား ကျောင်းသူများ လက်ဝယ်အ​ရောက် ဖြန့်ဝေ​ပေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်း​အောင်(ပြန်/ဆက်)