ဒဂုံအရှေ့ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃၅)၊ ပျဉ်စည်မင်းသားကြီးလမ်း၊ (၁၀၈)ရပ်ကွက်တွင် ယမန်နေ့ည ၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ Happy ကော်စေ့စက်ရုံအတွင်းရှိ ကော်စေ့ပြုလုပ်ရန်အတွက် စုပုံထားရှိသော ကော်ပစ္စည်းအဟောင်းများကြောင့် မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ပြီး မီးလောင်မှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင် (၂၉၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၉၆)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် (၂၅)စီး၊ ရေသယ်ယာဉ် (၂၄)စီး၊ အထောက်အကူပြုယာဉ် (၈)စီး၊ အုပ်ချုပ်မှုယာဉ် (၇)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ယနေ့ နံနက် ၃ နာရီ ၄၁ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုအား အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ