ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၇ ဧပြီ

 

မူးယစ်တပ်ဖွဲ့စု(၄၀) ရန်ကုန်(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အင်ကြင်းလမ်းသွယ်(၂)၌ ဇာနေဦး(ခ)ဇာနည်အား တွေ့ရှိပြီး ၎င်းငှားရမ်းနေထိုင်သည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ငထွေရူးလမ်းရှိ မြေညီထပ်အခန်းကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃၇၂ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း၌ မစိုးဇာခြည်အား တွေ့ရှိ၍ရှာဖွေရာ ၎င်းထံမှစိတ်ကြွရူး သွပ်ဆေးပြား ၂၀ဝ၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာ၊ အမှတ်(၁) စည်ကားရပ်ကွက်နေ ဘချိုင်း၏ နေအိမ်ကိုရှာဖွေရာ ၎င်း၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀  သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍  အမှတ်(၁)စည်ကားရပ်ကွက်၊ အေးရိပ်သာ လမ်းမပေါ်တွင် သျှစ်သျားအောင်အား ရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ အမှတ်(၁) စည်ကားရပ်ကွက်ရှိ ထွန်းနိုင်၏နေအိမ်ကိုရှာဖွေရန် ဝင်ရောက်စဉ် ထွန်းနိုင်မှာ နေအိမ်ပေါ်မှထွက်ပြေးသွားပြီး ဧည့်ခန်း၌တွေ့ရှိသူ ဂျိုလေးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀ဝ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN