ဒဂုံဆိပ်ကမ်း အောက်တိုဘာ  

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် အပိုဆောင်းကာကွယ်ဆေးများကို အထက()ကျောင်းနှင့် အမက(၂) မူလွန်ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၇၅၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးမှူးက ကြီးကြပ်ကာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျရှိစေရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)