ရန်ကုန် မတ် ၂၂
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက် မဖြစ်ပေါ်စေရေး၊ ထပ်ခါထပ်ခါ ဖြည့်သွင်းမှုမရှိစေရေးနှင့် QR Code ဖြင့် စက်သုံးဆီရောင်းချမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
လတ်တလောဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာစွာ သုံးစွဲရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး အောင်အောင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ဧရာဝဏ်လမ်းရှိ BOC စက်သုံးဆီအရောင်းဆိုင်နှင့် ရွှေလီလမ်းရှိ Standard စက်သုံးဆီအရောင်းဆိုင်တို့တွင် နေ့စဉ်ဖွင့်လှစ်ရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု၊ ပြန်လည်ရောင်းချမှုနှင့် ကျန်ရှိမှုအခြေအနေများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီ ပမာဏ ကန့်သတ်ရောင်းချမှု ရှိ/မရှိ၊ ဆီဆိုင်များတွင် ကားများတန်းစီ၍ ဝယ်ယူမှု ရှိ/မရှိနှင့် တရားမဝင်စက်သုံးဆီရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


