ရန်ကုန် ၂၇ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း ရာဇဂြိုလ်ဘုန်းတော်ကြီး ကျောင်းသင်ပညာရေးကျောင်းတွင် စက်တင်ဘာ ၂၆ ရက် နံနက် ၁၀  နာရီက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် မှုခင်းကျဆင်းရေး၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး၊ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ လူကုန်ကူးမှု အသိပညာပေးဆောင်ရွက်မှု၊ စသည့်ဝန်ဆောင်မှုတို့အားရှေးရှု၍ ရဲလုပ်ငန်းများဆောင်ရွက်မှုတို့ကို ပြည်သူလူထုသိရှိနိုင်ရန် ပြသခြင်း၊ ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ပြုလုပ်ဆောင်ရွက်ကြသည်။

 

ေ

 


ထိုသို့ဆောင်ရွက်မှုတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့မှူးကျော်စွာ ဦးစီး၍တပ်ဖွဲ့ဝင်(၁၀)ဦး၊ အမှတ်(၂၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲအုပ်အောင်မြင့် နှင့် တပ်ဖွဲ့ဝင်(၄)ဦး၊အမှတ်(၄၂)မူးယစ် ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ထွန်းထွန်းနိုင်၊ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ  ရဲတပ်ကြပ်ကျော်ဇောဦး၊ အမှတ်(၆၀/၆၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဋ္ဌေး နှင့်အဖွဲ့ဝင်(၁၀)ဦး၊ အမှတ်(၆၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း နှင့်အဖွဲ့ဝင်(၁၀)ဦးတို့ပူးပေါင်းပါဝင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၂၀ဝ ကျော်တို့ ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။


ကိုသိမ်းစိုး(ဆိပ်ကမ်း)