နေပြည်တော် အောက်တိုဘာ ၃

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂ ရက် နံနက် ၁၁ နာရခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၀) ရပ်ကွက်၊ ပင်လုံလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်တွင် မြင့်သူမောင်းနှင်ပြီး ဟိန်းကိုလွင်နှင့် ထက်မိုးဦး တို့ လိုက်ပါလာသည့် အငှားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ အောက်တိုဘာ ၂ ရက် ညနေ ၁ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မင်္ဂလာလမ်း၊ တိုက်အမှတ်(၁၉၅)၊ (၅)လွှာရှိ မကျင်ကျင်အောင်၏တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁,၄၀၀ ပြား၊ ဆေးခြောက်ဘလောက်တုံး ၁ ဒသမ ၃ ကီလို ကိုလည်းကောင်း၊ အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီခွဲတွင် ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအနီး၊ ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်းတွင် လော်ရှာအား မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်