ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဘုရင့်နောင်လမ်းတွင်ကား မီးလောင်မှုဖြစ်ပွား

ရန်ကုန်  ၁၈  မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မေ ၁၇  ရက်နေ့ ည ၉ နာရီ ၃၄ မိနစ်အချိန်ခန့်တွင်   ဗိုလ်ဗထူးလမ်းဘက်မှ မင်းရဲကျော်စွာလမ်းဘက်သို့ ဘုရင့်နောင်လမ်းအတိုင်း ယာဉ်မောင်း ဇော်မျိုးထက် မောင်းနှင်လာသော အငှားယာဉ်သည်  ၄၃- ရပ်ကွက်၊ ဘုရင့်နောင်လမ်း အိမ်အမှတ် ( ၃၃) ရှေ့အရောက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ်၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး ပတ်ဝန်းကျင်နေ ပြည်သူများမှ မီးသတ်ဆေးဘူးဖြင့် ကနဦးငြိမ်းသတ်ခဲ့ကြောင်းနှင့် ည ၉ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းကြောင်း သိရသည်။

 

မီးလောင်မှုအကြောင်းရင်းမှာ ပြုပြင်ထားသည့်ယာဉ်အား စမ်းသပ်မောင်းနှင်စဉ် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ကားဘက်ထရီအိုး၊ အဲယားကလင်နာ၊ ဝါယာကြိုးအနည်းငယ်မီးလောင်ခံရပြီး ကားစက်ပြင်ဆရာ ကိုဇော်မျိုးထက်အား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN