ရန်ကုန် ဧပြီ ၅

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အတွင်းသို့ ရေများလှူဒါန်းပေးခဲ့သည်။

 

လှူဒါန်း

ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) (၄၈)ရ​​ပ်ကွက် ရှင်တရာလမ်းနှင့် သခင်အုန်းဖေကြီးလမ်းအတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသော ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ငါးဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလန် ၃၂၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)