ရန်ကုန် ၃  ဇွန်

 

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းနေထိုင်သူများ အိမ်ပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်စေရန် ရည်ရွယ်၍ ဇွန် ၂ ရက်နေ့ ညနေ ၄ နာရီက အမှတ်(၅၀)ရပ်ကွက်ရှိ (၅၀)စျေးတွင် ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော အဝတ် နှာခေါင်းစည်း (Mask)များ လိုက်လံ ဝေငှခဲ့ကြောင်း သိရသည်။

 

အဆိုပါ အဝတ်နှာခေါင်းစည်း(Mask)များ ဝေငှရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦး​ကျော်မိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြိို့နယ်အဆင့် ကော်မတီ ဝင်များ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ပြန်လည်လျှော်ဖွပ်အသုံးပြု နိုင်သော အဝတ်နှာခေါင်းစည်း ခုရေ(၂၀၀၀) အား စျေးရောင်းချ သူများနှင့် စျေးဝယ်သူများအား အခမဲ့ ဝေငှခဲ့ကြောင်း သိရသည်။

 

အဝတ်နှာခေါင်းစည်းများ ဝေငှရာသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှလည်း ရပ်ကွက်နေ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် ဦးစီးဌာန (ရုံးချုပ်)မှ  ထုတ်ဝေသော "ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့" သတင်းစကား လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ ကြောင်းသိရသည်။

 

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း နှာခေါင်းစည်း(Mask)များကို စတုတ္ထအကြိမ်မြောက် ဝေငှခြင်း ဖြစ်ကြောင်း သိရသည်။

 

မြင့်မြင့်ရီ(ဒဂုံမြောက်)