ရန်ကုန်  ၁၅ မေ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ (၂၉၊ ၄၄၊ ၄၂) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်းနေထိုင်သော ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ရေသိုလှောင်ထားရာ ရေတိုင်ကီများ၊ အုတ်ကန်များသို့  အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ သွေးလွန်တုတ်ကွေး ကာကွယ်ရေး အသိပညာပေး အဓိကသတင်းစကား (၈)ချက်အား အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

မြင့်ရီ(ပြန်/ဆက်)