နေပြည်တော်၊  ၂၆  ဒီဇင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ရေနွေးအိုး တည်ရာမှ ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅)ရပ်ကွက်နေ ဦးတင်အောင်(၇၉)နှစ်သည် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၈ နာရီ မိနစ်  ၅၀  က ၎င်းနေအိမ်မီးဖိုဆောင်၌ ရေနွေးအိုး တည်ရာ မှ ဝိုင်ယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မိနစ် ၂၀ ခန့် အကြာတွင် မီးငြိမ်းသွားခဲ့သည်။

 မီးလောင်မှုကြောင့် နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)