ရန်ကုန် ၊ မေ ၁၉
     
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  မောင်မယ်သစ် လွင်ကြိုဆိုပွဲကို ယနေ့နံနက်(၉)နာရီခွဲက  ရန်ကုန်မြို့၊ ဒဂုံမြို့ သစ်မြို့နယ်၊ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။
     
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ကော်မတီဝင်များ၊ ဒဂုံတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာသာထွန်းမောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်ကြသည်။
     
ဦးစွာ သင်ယူသင်ကြားလိုစိတ်ဖြင့် ကြိုးစားသင်ယူကာ ရပ်ရွာ၊ မြို့ပြနှင့် တိုင်းပြည် အကျိုးကိုသယ်ပိုးသော သားကောင်းရတနာများဖြစ်စေလိုကြောင်း၊ နိုင်ငံတော်၏ပညာ ရေးမူဝါဒကို လေးစားလိုက်နာမှုဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုခံယူကာ နိုင်ငံတော် တည်ဆောက်ရေးတွင် အလုပ်အကျွေးပြုမည့်အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင် ပညာရှင်များပေါ်ထွန်းလျက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့ကို စွမ်းစွမ်းတမံ ထမ်းဆောင်မည့် ကျောင်းသား၊ ကျောင်းသူများအဖြစ် ဂုဏ်ယူနိုင်ကြပါစေကြောင်း အဖွင့် အမှာစကားပြောကြားသည်။
     
ထို့နောက် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒေါက်တာသာထွန်းမောင်က တက္ကသိုလ် သည်လူတိုင်းအတွက် မက်မောတမ်းတစရာဖြစ်၍ အထူးသဖြင့် တိုင်းပြည်အတွက် တန်ဖိုး မဖြတ်နိုင်သော သားကောင်းရတနာများကို မွေးထုတ်ပေးရာနေရာတစ်ခုဖြစ်ပြီး ပညာထူး ချွန်လူရည် မွန်များပေါ်ထွန်းလာရန် ဆရာ၊ ဆရာမများက ဖခင်၊ မိခင်များသဖွယ် သင်ကြား ပေးသွားမည်ဖြစ်ရာ ဒဂုံတက္ကသိုလ်အနေဖြင့် မောင်မယ်သစ်လွင်အပေါင်းအား နွေးထွေး လှိုက်လှဲစွာကြိုဆိုပါကြောင်း နုတ်ခွန်းဆက်စကား ပြောကြားသည်။
    
 ယင်းနောက် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး)များက မောင် မယ်သစ်လွင်များကို မိတ်ဆက်စကား ပြောကြားသည်။
     
၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူ (၁၅၀၀) ကျော် အား  ဒဂုံတက္ကသိုလ်မှ  ယနေ့တွင် မောင်မယ်သင်လွင်ကြိုဆိုခြင်းဖြစ် သည်။ 
     
တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်(၄၇)ကျောင်းတို့၌  မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူ(၁၃၇၅၉)ဦးတက် ရောက်လျက်ရှိပြီး ဘွဲ့ကြိုနှင့်ဘွဲ့လွန်ကျောင်း သား၊ ကျောင်းသူ (၄၅၂၃၃)ဦးတက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
    
ဓာတ်ပုံ - ကနူး                                                                                                   - ညိမ်းသူ ( သတင်းစဉ် )