ကျောက်ဖြူ ၉ ဇန်နဝါရီ
ကျောက်ဖြူမြို့ တောင်ရင်းကျေးရွာ ဦးဖိုးဖြူနေအိမ်ရှေ့ အမြင့်ပေ ၂၀ ခန့်ရှိ ဓာတ်တိုင်ပေါ်တက်၍ ဓာတ်ကြိုးပေါ်သို့ ကျရောက်နေသော သရက်ကိုင်းများအား တက်ခုတ်သူ မြို့နယ်လျှပ်စစ်ဌာနမှ လျှပ်စစ်ကျွမ်းကျင်(၄)အဆင့်ရှိ ဝန်ထမ်းတစ်ဦး ယမန်နေ့ မွန်းလွဲပိုင်းက ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ရင်းကျေးရွာသွား ဓာတ်အားလိုင်းပေါ်သို့ကျရောက်နေသော သစ်ကိုင်းများခုတ် ရန် သေဆုံးသူ ဦးထွန်းထွန်းသည် ကျေးရွာအဝင်လိုင်း ဓာတ်တိုင်မှ Gumper အား ကိုယ်တိုင်ခွာ၍ အခင်းဖြစ်ပွားရာ ဓာတ်တိုင်ပေါ်သို့ တက်ရောက်ကာ သစ်ကိုင်းများကို ခုတ်နေစဉ် Gumper ကြိုးမှာ မိုးရွာပြီး လေတိုက်သဖြင့် ဓာတ်အားလိုင်းပေါ်သို့ ပြန်လည်ကျရောက်ကာ ဦးထွန်းထွန်းဝင်းမှာ မှောက်လျက် ဓာတ်လိုက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)