စလင်း ၁၂ မတ်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းတွင် စိုက်ပျိုးရေးသွင်းအားစုများရောင်းချ လျက်ရှိသော ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး အရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

0754

           

ဉီးစွာဟောပြောပွဲတွင် စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဉီးအေးကိုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးအရာရှိ ဉီးမြင့်လင်းက စိုက်ပျိုးရေး သွင်းအားစုများ ဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး၊ သက်တမ်းလွန် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အခါအားလျော်စွာ ရောင်းချခွင့် ပိတ်ပင်ထားသော ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာနှင့် အခြားဘာသာ တစ်ခုခုဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရေး၊ စိုက်ပျိုးရေး ပစ္စည်းများ ရောင်းချရာတွင် ဘောင်ချာဖြတ်ပိုင်းပေး၍ စနစ်တကျရောင်းချရေး ဆွေးနွေးပြောကြားသည်။

 

2058

           

ဆက်လက်၍ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဒုတိယဉီးစီးမှူး ဒေါ်မြင့်မြင့်မွှေးက ဘေးအန္တရာယ် ကင်းရှင်းသော ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချရေး၊ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်အသုံးပြုပုံနှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

           

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနနှင့် အကျိုးဆောင်တောင်သူ ပူးပေါင်း၍ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးပစ္စည်းများကို စနစ်တကျ အသုံးပြုစိုက်ပျိုးထားသော စပါးစိုက်ပျိုးပြီးလယ်မြေပေါ်တွင် သီးထပ်သီးညှပ် စိုက်ပျိုးထားသည့် ရွှေဖလား ကြက်သွန်နီနှင့် နေကြာ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကွင်းသရုပ်ပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ဝင်တစားကြည့်ရှု့လေ့လာခဲ့ကြသည်။

 

937

           

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသော အရောင်းဆိုင်များမှ လုပ်ငန်းရှင် ၆၉ ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မောင်လွင်(ပြန်/ဆက်)