နေပြည်တော် မေ ၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (ဒုတိယနေ့) တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာနတို့တွင် စာဖြေသံဃာတော်နှင့် သီလရှင်များ စာရင်းသွင်း ၁၄၆၁၃ ပါးအနက် ၁၁၃၅၉ ပါး ဖြေဆိုကြသဖြင့် ၇၇ ဒသမ ၇၃ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်