နေပြည်တော် ၄ ဧပြီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၄ ဌာနတို့၌(နဝမနေ့)အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို စာဖြေဌာန ၂၄၂ ဌာနတို့၌ (တတိယနေ့)အဖြစ် လည်းကောင်း ဖြေဆိုကြသည်။
ဓမ္မာစရိယစာမေးပွဲ နဝမနေ့ စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၃၈၁ ပါးအနက် ၁၇၉ ပါး ဖြေဆိုကြသဖြင့် ၄၆ ဒဿမ ၉၈ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန် စာမေးပွဲ(ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) တတိယနေ့ကို စာရင်းသွင်း သံဃာနှင့် သီလရှင်စုစုပေါင်း ၅၇၁၇၃ ပါး အနက် ၄၆၅၅၃ ပါး ဖြေဆိုကြပြီး ၈၁ ဒဿမ ၄၂ ရာခိုင်နှုန်းဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


