နေပြည်တော် ၁၃ ဇူလိုင်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့တွင် (ပဉ္စမနေ့) နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၇ ဌာနတို့တွင် စာဖြေသံဃာတော်နှင့်သီလရှင်များ စာရင်းသွင်း ၁၂၇၄၉ ပါးအနက် ၁၀၀၄၁ ပါး ဖြေဆိုကြသဖြင့် ၇၈ ဒသမ ၇၆ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


