နေပြည်တော်  ၁၁   ဇူလိုင် 

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့တွင် (တတိယနေ့) နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၇ ဌာနတို့တွင် စာဖြေသံဃာတော်နှင့် သီလရှင်များ စာရင်းသွင်း ၁၆၉၁၅ ပါးအနက် ၁၃၅၅၅ ပါး ဖြေဆိုကြသဖြင့် ၈၀ ဒသမ ၁၄ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ 

 

(သတင်းစဉ်)