နေပြည်တော် ၁၇ ဇွန် 
    

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၀(၂၀၁၉)ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဓမ္မာစရိယဖြေဆိုသူ သုံးကျမ်းအောင် (ကျမ်းပြီး) ၁၀၁၇ ပါး၊ နှစ်ကျမ်းအောင် ၉၀၅ ပါး၊ တစ်ကျမ်းအောင် ၁၁၂၃ ပါး၊ ပါဠိဂုဏ်ထူးအောင် ၂ ပါး၊ မြန်မာစာ ဂုဏ်ထူးအောင် ၇ ပါး၊ စုစုပေါင်း ၃၀၅၄ ပါး အောင်မြင်တော်မူကြသည်။
    

စုစုပေါင်းဖြေဆိုသူ ၂၂၈၄၄ ပါး/ ဦးအနက် အောင်မြင်သူ ၃၀၅၄ ပါး/ ဦးဖြစ်၍ ၁၃ ဒသမ  ၃၇ ရာခိုင်နှုန်း အောင်မြင်ကြသည်။
    

၁၃၈၀ ပြည့်နှစ်၊ (၂၀၁၉)ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ကြသော သံဃာတော် များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအနက် ဓမ္မာစရိယ သုံးကျမ်းအောင် ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင်ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ ပထမ (အဂ္ဂမဟာကျော်)၊ ခုံအမှတ်(ဎဂ/ ၇၃၁) ၊ ဦးကာရုဏိက ၊ ၈/ ငမန(သ)ဝ၀၁၁၉၂ ၊ မစိုးရိမ် တိုက်သစ် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး၊ ဒုတိယ - ခုံအမှတ်(ကန/ ၁၀၄၅) ၊ ဦးကောဝိဒ ၊ ၉/ ခအဇ(သ)ဝ၀၂၈၃၀ ၊ တပ်တွင်းပရိယတ္တိစာသင်တိုက် ၊ လှိုင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး၊ တတိယ - ခုံအမှတ်(ဎဂ/ ၇၄၀) ၊ ဦးယသဗလ ၊ ၉/ ပကခ (သ)ဝ၀၁၃၇၉ ၊ မစိုးရိမ်တိုက်သစ် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး၊ သီလရှင် ပထမ - ခုံအမှတ်(ကန/ ၁၈၂၂) ၊ မဒီပစာရီ ၊ သမိဒ္ဓေါဒယသုခိတာရာမ ၊ ဒေါ်ဉာဏစာရီ ၊ မြန်အောင်ကျောင်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး တို့ဖြစ်ကြသည်။

 

၁၃၈၀ ပြည့်နှစ်(၂၀၁၉)ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ အောင်စာရင်းများကို နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယက အဖွဲ့ရုံးများတွင်လည်းကောင်း၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးရုံးများတွင်လည်းကောင်း သက်ဆိုင်ရာစာဖြေဌာနများ ရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများနှင့် မြို့နယ်သာသနာရေးမှူးရုံးများတွင်လည်းကောင်း ကြည့်ရှုနိုင်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www. mahana.org.mm၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www. mora gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

 

(သတင်းစဉ်)