ဓမ္မစကူးလ်သင်တန်းများ မတ် ၁၀ ရက်တွင် စတင်ဖွင့်လှစ်မည်

မန္တလေး  ၁  မတ် 


ဓမ္မဒီပဓမ္မစကူးလ်မှ မန္တလေးမြို့ မဟာမြိုင်ကျောင်းတိုက်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး  မတ်လ ၂ မှ ၄ ရက် အထိ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


အဘိဓမ္မာကို လေ့လာဖြေဆိုလိုကြသည့် သင်တန်းမရှိသော နယ်များမှသူများသည် website နှင့် Facebook တို့တွင် online course တက်ရောက်ခွင့် ပုံစံဖြည့်သွင်း၍ သင်တန်းသား id no. ရယူထားရမည်ဖြစ်ကြောင်း၊ သင်တန်းကိုင် မှတ်စုများကို ကြိုတင်ဝယ်ယူထားကာ ပို့ချချက် DVD, MP3 များကို သက်ဆိုင်ရာ link များမှ download  ရယူ၍  လေ့ကျင့်ခန်း အဖြေများ၊ Tutorial အဖြေများကို Email နှင့် Messenger မှ ပေးပို့ရမည်ဖြစ်သည်။


သာသနာရေးဝန်ကြီးဌာနမှ စာမေးပွဲ ဖြေဆိုလိုသူများသည် မိမိတို့မြို့နယ်တွင် စာရင်းပေး ဖြေဆိုနိုင်ပြီး စာဖြေဌာန မရှိသူများသည် အနီးဆုံး စာဖြေဌာနရှိရာ မြို့များသို့ သွားရောက်ဖြေဆိုနိုင်မည် ဖြစ်သည်ကြောင်း အဆိုပါ သင်တန်းမှ သိရသည်။


Online သင်တန်းသားများသည် စနေ၊ တနင်္ဂနွေ သင်တန်းများနှင့်  စာမေးပွဲနီးချိန် revision class များသို့ လာရောက် တက်ရောက်နိုင်ကြောင်းနှင့် စာမေးပွဲအောင် အခမ်းအနားများတွင် ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 


အေးမြ(မန္တလေး)