သားသားမီးမီး လိမ္မာဖို့
ဓမ္မစကူး သွားကြစို့။
ဘုန်းဘုန်းကြီးက စာတွေသင်
သားသားမီးမီး လွန်ပျော်ရွှင်။
ဆရာလေးက စာသင်ကြား
သားသားမီးမီး ပြုံးပျော်ပါး။
လူကြီးရှေ့မှာ ဦးညွှတ်ခါ
ညင်သာစွာလည်း လမ်းလျှောက်ပါ။
ဖေဖေ မေမေ ပြောစကား
သားသား မီးမီး နားထောင်ထား။
ဘုန်းဘုန်းကြီးက မှာကြားတယ်
အိပ်ရာဝင်တိုင်း ဦးချကွယ်။
သားသား မီးမီး အစာစား
လူကြီးသူမ ဦးချထား။
ဖေဖေ မေမေ အလုပ်ဟူ
နိုင်သမျှဝန် ဝိုင်းဝန်းကူ။
သားသားလေးက နောင်တွင်အား
ဖေဖေ မေမေ မှတ်လို့ထား။
မီးမီးလေးက ထီးလိုကွယ်
ဖေဖေ မေမေ အားကိုးမယ်။
ကိုယ်နှုတ်မူရာ ယဉ်ဖို့ရေး
ကျောင်းတော်ကြီးမှ သင်ကြားပေး။
ဗုဒ္ဓဘာသာ ထွန်းကားအောင်
သားသားမီးမီး မြဲကြံဆောင်။
သားကောင်း သားမြတ် ဖြစ်စေဖို့
ဓမ္မစကူးတက်ကြစို့။
ဖိုးပုလဲ(အညာမြေ)