ပင်းတယ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာ အခြေခံညာအထက်တန်းကျောင်း(ခွဲ) ၂၀၁၉-၂၀၂၀/၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း တက်ရောက်၍ အဆိုပါကျောင်းအတွက် အလှူငွေများပေးအပ်ပြီး တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒေသဥက္ကဋ္ဌသည် မြင်းမူးဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမျှော်ပြီး လှူဖွယ်ဝတ္ထုနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဒေသဥက္ကဋ္ဌသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)