ပင်းတယ ၃ ဖေဖော်ဝါရီ
မြန်မာ-ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ သမိုင်းဝင် ပုန်းတလုတ်ရေကန် အနီးပတ်ဝန်းကျင်နှင့် သတ်မှတ်နေရာများတွင် ဂျပန်ချယ်ရီ(Sakura) ပျိုးပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း ချယ်ရီပျိုးများ စိုက်ပျိုးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဧည်သည်တော်များ၊ ဒေသဉီးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ချယ်ရီပျိုးများကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ယခုစိုက်ပျိုးသည့် ဂျပန်ချယ်ရီပျိုးပင်ပေါင်း စုစုပေါင်း ၄၉ ပင်ဖြစ်ပြီး ယခင်လတွင် ကျောက်စုကျေးရွာ အခြေခံပညာကျောင်း၌ စိုက်ပျိုးခဲ့သည့် ဂျပန်ချယ်ရီပျိုးပင် ၁၅ ပင်မှာ ပင်စည်မှအညွန့်အတက်များ စတင်ထွက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)