တောင်ကြီး ၁၀ ဒီဇင်ဘာ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်ကြီးခရိုင်၊ ပင်းတယမြို့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေရုံးအဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့ နံနက် နာရီတွင် အော်ရောရပ်ကွက်၊ ဒေသဥပဒေရုံးအဆောက်အဦရှေ့၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးတို့က ဥပဒေရုံးအဆောက်အဦသစ် ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ကဗ္ပည်းမော်ကွန်းကျောက်စာအား အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

 

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဒေသအဆင့်ဥပဒေရုံးသစ် ဖွင့်လှစ်ခြင်းကြောင့် ဒေသအဆင့် ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးဇော်ဇော်ထွေးတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မန်နေဂျင်းဒါရိုက်တာ ဦးစည်သူအောင်က ပြည်နယ်ဥပဒေအရာရှိ ဦးဇော်ဇော်ထွေးထံ အဆောက်အဦစာရွက်စာတမ်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)